၂၄ နာရီအတွင်း မိုးကြီးရေလျှံ လျှပ်စီးမိုးကြိုး သတိပြုရမည့်ဒေသများ

၂၄ နာရီအတွင်း မိုးကြီးရေလျှံ လျှပ်စီးမိုးကြိုး သတိပြုရမည့်ဒေသများ

၂၄ နာရီအတွင်း မိုးကြီးရေလျှံ သတိပြုရမည့်ဒေသများနှင့် လျှပ်စီး မိုးကြိုးသတိပြုရမည့် ဒေသများအတွက် မိုးလေဝသဆရာမလေး စုစုစံမှ ကြိုတင်သတိပေးထုတ်ပြန်ထားပါတယ်။

ထုတ်ပြန်ချက်မှာ ”နောက် ၂၄နာရီအတွင်း ရှမ်းပြည်ဒေသကြီးတစ်ခုလုံးမှာမိုးများရွာသွန်းလာနိုင်ပြီး ရှမ်းပြည်နယ်အရှေ့ပိုင်း နှင့် ရှမ်းပြည်နယ်တောင်ပိုင်းဒေသတွေမှာ မိုးကြီးရေလျှံနိုင်ပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင်နှင့်ကျိုင်းတုံခရိုင်ဒေသတွေမှာ မိုးရေချိန် ၂လက်မမှ ၃ရက်လက်မကျော်အထိရွာသွန်းနိုင်သဖြင့် မိုးကြီးရေလျှံမှုတွေဖြစ်ပေါ်လာနိုင်ပြန်တယ်။

မန္တလေးတိုင်း မကွေးတိုင်း စစ်ကိုင်းတိုင်းတွေမှာလည်းမိုးရွာလာနိုင်ပါတယ်။

မွန်ပြည်နယ် ကရင်ပြည်နယ် ရန်ကုန်တိုင်း ပဲခူးတိုင်း ဧရာဝတီတိုင်း ဒေသတွေမှာ မိုးများစွာရွာသွန်းနိုင်ပါသဖြင့် ရေကြီးရေလျှံနိုင်မှုသတိပြုကြပါ။

လေမိုးလျှပ်စီးမိုးကြိုး သတိပြုရမယ့်ဒေသတွေကတော့ ကျိုင်းတုံ မိုင်းဖြတ် တာချီလိတ် တာလေ ထိုင်းနိုင်ငံ ချင်းရိုင် ငွေဆောင် ချောင်းသာ ရွှေသောင်ယံ ပုသိမ် လေမိုး လျှပ်စီး မိုးကြိုးမိုးသတိပြုကြဖို့ ထုတ်ပြန်ပေးထားပါတယ်။

Source: Su Su San မင်း ဂွတ် သီး

Facebook Comments Box

Leave a Reply

Your email address will not be published.