၂၀၂၂ ခုနှစ်အတွက် ကမ္ဘာမှာ တန်ဖိုးအမြင့်ဆုံး ငွေကြေး(၁၀)မျိုး

၂၀၂၂ ခုနှစ်အတွက် ကမ္ဘာမှာ တန်ဖိုးအမြင့်ဆုံး ငွေကြေး(၁၀)မျိုး

ကမ္ဘာမှာတန်ဖိုးအမြင့်ဆုံးငွေကြေးလို့ဆိုလိုက်တာနဲ့အမေရိကန်ဒေါ်လာနဲ့ဗြိတိန်ရဲ့‘စတာလင်ပေါင်’တို့ကိုအရင်ဆုံးစဉ်းစားမိကြမှာပါ။ ဒါပေမယ့် ဒီစာဖတ်ပြီးတဲ့အချိန်မှာ အံ့ဩသင့်စရာ တန်ဖိုးအမြင့်ဆုံးငွေကြေးတွေကိုသိရှိသွားပါလိမ့်မယ်။

အမေရိကန်ဒေါ်လာ ဟာ တန်ဖိုးအမြင့်ဆုံးငွေကြေးမဟုတ်ပေမယ့်နိုင်ငံအချင်းချင်းကုန်သွယ်မှုမှာတော့သူ့ကို ‘စံ’ထားပြီးသုံးစွဲရအောင်တော့ခိုင်မာပါတယ်။

၂၀၂၂ ခုနှစ်အတွက် ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ငွေကြေးတွေမှာ

အဆင့်(၁၀)ယူရို (EUR)
ယူရိုငွေကြေးဆိုတာ ဥရောပသမဂ္ဂ(EU) (၁၉)နိုင်ငံအပါအဝင်(EU)အဖွဲ့ဝင်မဟုတ်တဲ့ အန်ဒိုရာ၊မိုနာကို၊ ဆန်မာရီနိုနှင့်ဗာတီကန်စီးတီးတို့မှာလည်း(EU)ရဲ့တရားဝင်သဘောတူညီချက်နဲ့အသုံးပြုနေတဲ့ငွေကြေးစနစ်တစ်ခုဖြစ်ပါတယ်။နိုင်ငံတကာကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာပြီးရင်ဒုတိယ’စံ’ထားပြီး သုံးစွဲရတဲ့ငွေကြေးပါ။

Credit: Getty Image

အဆင့်(၉)အမေရိကန်ဒေါ်လာ(USD)
အမေရိကန်ပြည်ထောင်စုမှာအသုံးပြုတဲ့ငွေကြေးဖြစ်တဲ့အပြင်ကမ္ဘာပေါ်မှာလူသိအများဆုံးငွေကြေးလည်းဖြစ်ပါတယ်။ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံမှာသုံးစွဲတဲ့ငွေကြေးဖြစ်သလိုနိုင်ငံတကာကုန်သွယ်မှုမှာလည်းပထမနေရာကနေ ‘စံ’ထားပြီး သုံးစွဲနေကြရတဲ့ငွေကြေးလည်းဖြစ်ပါတယ်။

Image Credit

နံပါတ်(၈)ဆွစ်ဖရန့်စ်(CHF)
ဆွစ်ဇာလန်နဲ့လန်ချက်စတိန်းနိုင်ငံ(၂)ခုမှာ သုံးစွဲတဲ့ငွေကြေးပါ။လျို့ဝှက်ပြီးလုံခြုံမှုရှိတဲ့နေရာမှာ ကမ္ဘာကျော်တဲ့ ဆွစ်ဇာလန်ဘဏ်တွေကြောင့်ငွေတန်ဖိုးကြီးမြင့်နေရတာပါ။

Image Credit

နံပါတ်(၇)ဗြိတိန်စတာလင်ပေါင်(GBP)
တစ်ခေတ်တစ်ခါကနေမဝင်အင်ပါရာဖြစ်ခဲ့ဘူးတဲ့ဂရိတ်ဗြိတိန်ရဲ့ငွေကြေးပါ။မိခင်အင်္ဂလန်နိုင်ငံအပါအဝင်အခြား’ဓနဿဟာရ’အဖွဲ့ဝင်နိုင်ငံငယ်တွေမှာလည်းယနေ့ထက်တိုင်သုံးစွဲနေကြဆဲပါ။

ရှေးအကျဆုံးငွေကြေးဖြစ်ပြီးနိုင်ငံတကာကုန်သွယ်မှုသုံးစွဲရာမှာလည်း အဆင့်(၄)နေရာကနေ ‘စံ’ထားပြီး အသုံးပြုကြပါတယ်။

Image Credit

နံပါတ်(၆) ဂျီဘရော်တာ’ပေါင်’ (GIP)
‘ဂျီဘရော်တာ’ရဲ့ သုံးစွဲတဲ့ငွေကြေးပါ။ဗြိတိန်စတာလင်ပေါင်နဲ့တန်ဖိုးတူညီပြီးနိုင်ငံတကာရေကြောင်း ကုန်သွယ်မှုမှာအရေးပါတဲ့ငွေကြေးစနစ်တစ်ခုလည်းဖြစ်ပါတယ်။နိုင်ငံရဲ့အဓိကဝင်ငွေကိုနိုင်ငံတကာအင်တာနက်’ဂိမ်း’လုပ်ငန်းတွေ၊ခရီးသွားလုပ်ငန်းတွေကနေရရှိနေပါတယ်။

Image Credit

နံပါတ်(၅)ကေမန်နီးယန်း ဒေါ်လာ(KYD)
ကေမန်ကျွန်းနိုင်ငံမှာအသုံးပြုတဲ့ငွေကြေးပါ။ယခင်ကဂျမေကန်ဒေါ်လာကိုသာအသုံးပြုခဲ့ပြီး (၁၉၇၂) နောက်ပိုင်းမှာတော့ကိုယ်ပိုင်ငွေကြေးနဲ့ အစားထိုးအသုံးပြုခဲ့ရာကနေအခုဆိုကမ္ဘာ့အဆင့်(၅)တန်ဖိုးရှိဆုံးငွေကြေးအဖြစ်ရပ်တည်နိုင်နေပါပြီ။

Image Credit

နံပါတ်(၄) ဂျော်ဒန်နီးယန်း ‘ဒီးနာ’ (JOD)
ဂျော်ဒန်နိုင်ငံမှာအဓိကအသုံးများပြီး‘ပါလက်စတိုင်း’မှာလည်းအသုံးပြုကြပါတယ်။ဂျော်ဒန်နိုင်ငံအစိုးရရဲ့ တင်းကျပ်တဲ့ငွေလဲလှယ်နှုန်းဥပဒေတွေကြောင့်လည်းငွေကြေးတန်ဖိုးမြင့်မားနေရတာပါ။

အိမ်နီးချင်းနိုင်ငံတွေလိုအတက်အကျကြမ်းတဲ့ရေနံဈေးကွက်ပေါ်မှာမမှီခိုတာလည်း ပါ ပါတယ်။

Image Credit

နံပါတ်(၃) အိုမန်’ရိရယ်’ (OMR)
အိုမန်နိုင်ငံသုံးငွေကြေးပါ။အာရေးဗျကျွန်းဆွယ်ရဲ့အရှေ့တောင်ဘက်ကမ်းရိုးတန်းမှာတည်ရှိပြီး နိုင်ငံရဲ့အဓိကဝင်ငွေကတော့နိုင်ငံပိုင်ရေနံလုပ်ငန်းပါ။

Image Credit

နံပါတ်(၂)ဘာရိန်း’ဒီးနာ’ (BHD)
အာရေးဗျပင်လယ်ကွေ့ထဲကဘာရိန်းနိုင်ငံသုံးငွေကြေးဖြစ်ပါတယ်။ရေနံတင်ပို့မှုကိုသာအဓိကအားကိုးနေရတာဖြစ်သလိုအဓိကကုန်သွယ်နေတဲ့နိုင်ငံကတော့ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံတွေထဲကတစ်ခုဖြစ်တဲ့အိန္ဒိယနိုင်ငံပါ။

ကမ္ဘာမှာဒုတိယအမြင့်ဆုံးငွေကြေးကိုသုံးစွဲနေတဲ့အချက်ကြောင့်လည်းအခြားနိုင်ငံတော်တော်များများကဘာရိန်းနိုင်ငံနဲ့ ကုန်သွယ်ဖို့ရာစိတ်ဝင်စားမှုရှိကြပါတယ်။

Image Credit

နံပါတ်(၁) ကူဝိတ်’ဒီးနာ’ (KWD)
ကူဝိတ်နိုင်ငံသုံး ကူဝိတ်’ဒီးနာ’ထက်ပိုမြင့်တဲ့ငွေကြေးတော့မရှိတော့ပါဘူး။ဘာရိန်းလိုပဲကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံတွေထဲကတစ်ခုဖြစ်တဲ့အိန္ဒိယနိုင်ငံနဲ့အများဆုံးကုန်သွယ်ပါတယ်။

ရေနံထွက်တဲ့နိုင်ငံတွေရဲ့ စီးပွားရေးတည်ငြိမ်မှုကြောင့်ကူဝိတ်’ဒီးနာ’ငွေကြေးဟာလက်ရှိမှာကမ္ဘာတန်ဖိုးအမြင့်ဆုံးငွေကြေးအဖြစ်ရပ်တည်နေကြောင်းတင်ပြပေးလိုက်ပါတယ်။

ခုလောက်ဆို ကမ္ဘာမှာ နံပါတ် ၁ နေရာယူထားတဲ့ ငွေကြေးဘာလဲဆိုတာ ဗဟုသုတဖြစ်သွားစေမယ်လို့ ထင်ပါတယ်။

ခရစ်ဒစ်မူရင်း

Facebook Comments Box

Leave a Reply

Your email address will not be published.