အဝေးပြေးယာဥ်လိုင်းတွေနှင့် ခရီးသည်တွေအတွက် ပို့ဆောင်ရေးဌာနမှထုတ်ပြန်လိုက်တဲ့ညွှန်ကြားချက်

အဝေးပြေးယာဥ်လိုင်းတွေနှင့် ခရီးသည်တွေအတွက် ပို့ဆောင်ရေးဌာနမှထုတ်ပြန်လိုက်တဲ့ညွှန်ကြားချက်

ခရီးသည်တင်ယာဥ်လိုင်းတွေအနေနဲ့ခရီးသွားကားလက်မှတ်ရောင်းချပေးတဲ့အခါ ခရီးသည်တွေရဲ့ကိုယ်ရေးအချက်အလက်မှတ်တမ်းတွေရယူပြီးမှ

ရောင်းချပေးဖို့ ပို့ဆောင်ရေးနဲ့စီမံကိန်းဦးစီးဌာန သြဂုတ်လ ၁၈ ရက်နေ့ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။

အဆိုပါ ထုတ်ပြန်ချက်အရ ခရီးသည်တွေရဲ့ နာမည်၊ အဖေနာမည်၊မှတ်ပုံတင်နံပါတ်၊ နေရပ်လိပ်စာ၊ ဆက်သွယ်ရမယ့် ဖုန်းနံပါတ် စတဲ့ကိုယ်ရေးအချက်အလက်တွေကိုမှတ်တမ်းယူထားပြီးမှ ကားလက်မှတ်ရောင်းရမယ်လို့ထုတ်ပြန်ချက်အရ သိရပါတယ်။

YRTC ထုတ်ပြန်ချက်အရ သြဂုတ်လ ၁၈ ရက်နေ့ မှာ ရန်ကုန်မှအဝေးပြေးခရီးသည်တင်ယာဉ်လိုင်း-၁၉၇လိုင်း၊ ယာဉ်စီးရေ-၅၀၀စီး၊ ခရီးသည်-၇၇၈၈ဦး ရှိတယ်လို့ သိရပါတယ်။

Source: VOM

Facebook Comments Box

Leave a Reply

Your email address will not be published.