ရွှေရောင်းသူများနေသည့်အတွက် ရွှေဆိုင်အချို့ ရက်ချိန်းဖြင့် ရွှေပြန်ဝယ်ယူနေရဟုဆို

ရွှေရောင်းသူများနေသည့်အတွက် ရွှေဆိုင်အချို့ ရက်ချိန်းဖြင့် ရွှေပြန်ဝယ်ယူနေရဟုဆို

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ယခုရက်ပိုင်းအတွင်း ရွှေပြန်လည်ရောင်းချသူ များနေသည့်အတွက် ရွှေဆိုင်အချို့ ရက်ချိန်းဖြင့် ရွှေပြန်ဝယ်ယူနေရတယ်လို့ MPA သတင်းဌာနဖော်ပြချက်အားယခုလိုတွေ့ရပါတယ်။

MPA သတင်းဌာနဖော်ပြချက်မှာ”ရွှေရောင်းသူများနေသည့်အတွက်ရွှေဆိုင်အချို့ ရက်ချိန်းဖြင့်ရွှေပြန်ဝယ်ယူနေရကြောင်း ယနေ့ ရွှေသွားရောက်ရောင်းချသူ အမျိုးသမီးတစ်ဦးကပြောသည်။

ရွှေနန်းတော်ရွှေဆိုင်တွင်ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း(YGEA)၏ ရွှေစျေးသတ်မှတ်စျေးအတိုင်း စျေးမဖြတ်ဘဲ ၁၅ပဲရည်ရွှေတစ်ကျပ်သားကို ၂၄သိန်းဖြင့် စျေးဖြတ်ကာ ၁၉ရက်နေ့တွင်ပြန်လည်ရောင်းချရန်ချိန်းဆိုခဲ့ကြောင်း ယင်းအမျိုးသမီးက ရှင်းပြသည်

“အမက ရွှေသွားရောင်းတာ။ အရင်ကရွှေနန်းတော်မှာဝယ်တာဆိုတော့အဲ့မှာပဲသွားရောင်းတာ။စျေးပဲဖြတ်ပေးလိုက်တယ် ။ ချက်ချင်းမဝယ်ဘူး။ ၁၉ရက်နေ့ချိန်းတယ်။အခုဘာလို့ရောင်းမရတာလဲ မေးတော့ ရွှေရောင်းတဲ့လူစာရင်းစာအုပ်ကိုပြတယ်။ အများကြီးမို့လို့ဆိုပြီး ပြောတယ် ”ဟုရွှေသွားရောက်ရောင်းချသူ အမျိုးသမီးတစ်ဦးကရှင်းပြသည်။

ရန်ကုန်တိုင်းရွှေဘုံသာလမ်းရှိ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း(YGEA)မှ ရွှေစျေးနှုန်းအပိတ်စျေးကို ရွှေတစ်ကျပ်သားလျှင် ကျပ်သိန်း နှစ်ဆယ်ရှစ်သောင်း ခြောက်ထောင်ဖြင့် (ဩဂုတ်လ ၁၅ရက်)နေ့ ၊နေ့လယ် ၂နာရီ ၃၀မိနစ်က ပြင်ပပေါက်စျေးထက်များစွာလျှောပေါ့သတ်မှတ်ထားသော်လည်းယင်းစျေးဖြင့် မရောင်းချပေးကြောင်း YGEAအသင်း၏ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“အသင်းက ရောင်းတယ်လို့မပြောဘူး။တပ်အကြိုက်စျေးသတ်မှတ်ပေးတာပဲရှိတာ။အခုအခေါက်ရွှေစျေးက ၂၈သိန်းကျော်နေပြီ။ စျေးကွက်က အရင်ကပြောသလိုပဲ ပျက်နေပြီ။နောက်ဆိုရွှေဆိုင်တွေရွှေကိုင်ပြီးအဝယ်မရှိဘဲ ပြန်သွင်းရွှေကိုပဲ စာရင်းမှတ်နေရလိမ့်မယ် ”ဟု YGEAအသင်း၏အဖွဲ့ဝင်တစ်ဦးကရှင်းပြသည်။

လက်ရှိရွှေစျေးကွက်သည်ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း(YGEA)၏ သတ်မှတ်စျေးအတိုင်း ရွှေရောင်းချသူလုံးဝမရှိဘဲ နာမည်ကြီးရွှေဆိုင်များတွင် ရွှေလာရောက်ဝယ်ယူသူနည်းပါးကာရွှေပြန်လည်ရောင်းချသူများပြားနေသောကြောင့် လက်ငင်းငွေမရှင်းပေးနိုင်ဘဲ ရက်ချိန်းဖြင့်အသွင်းလက်ခံနေရကြောင်း MPAမှ စုံစမ်းသိရသည်” ဟုဖော်ပြထားပါတယ်။

လက်ရှိ ရွှေစျေးကွက်အတွင်း ကိုယ်တိုင်တွေ့ကြုံခဲ့ရတဲ့ အရောင်းအဝယ်အတွေ့အကြုံလေးတွေလည်း မျှဝေပေးခဲ့ကြပါအုံးနော်။

Source: MPA

Facebook Comments Box

Leave a Reply

Your email address will not be published.