မှတ်တိုင် အရေအတွက်ပေါ်မူတည်ပြီး ယာဉ်စီးခ ကောက်ခံတဲ့စနစ် စတင် စမ်းသပ်နေဟုဆို

မှတ်တိုင် အရေအတွက်ပေါ်မူတည်ပြီး ယာဉ်စီးခ ကောက်ခံတဲ့စနစ် စတင် စမ်းသပ်နေဟုဆို

ရန်ကုန်မြို့တွင်း YBSယာဉ်လိုင်းတွေမှာ YPS ကတ်စနစ်နဲ့အသုံးပြုနေတဲ့ခရီးသွားများအပါအဝင်ဘတ်စ်ကားစီးနင်းသူများကို ဂိတ်စ၊ ဂိတ်လယ်၊ ဂိတ်ဆုံးစနစ်နဲ့ခရီးစဉ်ပိုင်းဖြတ်ပြီးယာဉ်စီးခကောက်ခံတဲ့စနစ်အစား

မှတ်တိုင်အရေအတွက်ပေါ်မူတည်ပြီးယာဉ်စီးခကောက်တဲ့စနစ်ကို စတင်စမ်းသပ်နေပြီဖြစ်တယ်လို့သိရ ပါတယ်။

ဂိတ်စကနေ စလယ်ဆုံးဂိတ်စနစ်နဲ့ပိုင်းဖြတ်မှုအစား မှတ်တိုင်အရေအတွက်အပေါ်မူတည်ပြီး ယာဉ်စီးခကောက်ခံတဲ့စနစ်မှာ စီးနင်းသူတွေ စတင်ဘတ်စ်ကားပေါ်ရောက်တဲ့မှတ်တိုင်ကနေ စုစုပေါင်း ၂၅ မှတ်တိုင်ခရီးစဉ်အထိကျပ်ငွေ ၂၀၀နဲ့

အဲဒီထက်ကျော်လွန်တဲ့မှတ်တိုင်အထိရောက်ရှိစီးနင်းပါက ကျပ်ငွေ ၃၀၀ ကျပ်ကောက်ခံသွားမှာဖြစ်တယ်လို့ သိရပါတယ်။

YPS ကတ်စနစ်အသုံးပြုပြီးယာဉ်စီးနင်းသူတွေအတွက်ကနဦးစမ်းသပ်ကာ ယာဉ်စီးခကတ်ဖြတ်ပြီးမှတ်တိုင်အရေအတွက်အလိုက် ကောက်ခံတာကိုစမ်းသပ်မှာဖြစ်ရာ အကျိုးသက်ရောက်မှုရှိပါက

သြဂုတ်လ ၁၉ ရက်ကစတင်ပြီး YPS ကတ်အသုံးပြုတဲ့ခရီးသွားတွေအနေနဲ့မှတ်တိုင်အရေအတွက်အလိုက်တိကျတဲ့ယာဉ်စီးခပေးချေမှုတွေဆောင်ရွက်နိုင်မယ်လို့သိရပါတယ်။

Facebook Comments Box

Leave a Reply

Your email address will not be published.