မိုးညှင်းမြို့ လက်ရှိ စက်သုံးဆီ စျေးကွက် အခြေအနေ

မိုးညှင်းမြို့ လက်ရှိ စက်သုံးဆီ စျေးကွက် အခြေအနေ

Photo – ဩဂုတ်လ ၁၆ ရက်နေ့ BOC ဆီဆိုင်မှာ တန်းစီဝယ်ယူနေကြစဉ်

ဒီနေ့ ဩဂုတ်လ ၂၂ ရက်နေ့ မိုးညှင်းမြို့မှာ စက်သုံးဆီပြတ်လတ်နေပြီး အပြင်ပေါက်စျေး တစ်လီတာကို ကျပ် ၅၀၀၀ အထိမှာမြင့်တက်လာခဲ့တယ်လို့ဝယ်ယူသုံးစွဲသူတွေဆီကနေသိရပါတယ်။

မိုးညှင်းမြို့ထဲနဲ့အနီးဝန်းကျင်မှာရှိတဲ့စက်သုံးဆီဆိုင်ကြီးတွေမှာဆီပြတ်လပ်မှုတွေဖြစ်ပေါ်နေပြီးအိမ်ဆိုင်တွေမှာရောင်းချပေးနေတဲ့စက်သုံးဆီတွေကိုသာဝယ်ယူနေရတယ်လို့ဆိုပါတယ်။

ဒေသခံတစ်ဦးက “ဒီနေ့BOCကိုဆီသွားဖြည့်တာလက်ခါပြခဲ့တယ်။သူ့မျက်နှာစောင်းလေးမှာရှိတဲ့ ဆိုင်မှာတစ်လီတာကို ၅ ထောင်နဲ့ဝယ်ထည့်ခဲ့ရတယ်။ဆီကလည်းမသန့်ဘူးထင်တယ်။ထည့်ပြီးနိုးမရလို့ မြို့ထဲထိတွန်းပြီးဝပ်ရှော့ဆိုင်ပြလိုက်ရတယ်”လို့ပြောပြထားပါတယ်။

လက်ရှိမှာ မိုးညှင်းမြို့နယ်မှာစက်သုံးဆီစျေးနှုန်းတွေကမြင့်တက်နေသလိုလိုသလောက်ဝယ်ယူမရတာ ၊ ပြတ်လပ်မှုတွေကဩဂုတ်လဆန်းပိုင်းကတည်းကဖြစ်ပေါ်နေတာလို့သိရပါတယ်။

မိုးညှင်းမြို့နယ်ထဲကစက်သုံးဆီရောင်းချခွင်လိုင်စင်ရထားတဲ့ စက်သုံးဆီဆိုင်တချို့ကလည်း တစ်လီတာကို ကျပ် ၅ ထောင်နဲ့သာ ရောင်းချနေတယ်လို့ဆိုပါတယ်။

Photo – ရည်ညွှန်းစျေးနှုန်း

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီထုတ်ပြန်ချက်အရ ယနေ့ ရန်ကုန် စျေးကွက်အတွင်းမှာ 92 Ron – 2400 ကျပ်၊ 95 Ron – 2490 ကျပ်၊ ဒီဇယ် − 2820 ကျပ်၊ ပရီမီယမ် ဒီဇယ် − 2895 ကျပ်ထုတ်ပြန်ထားပြီး နယ်ဘက်မြို့တွေမှာ တစ်လီတာ ၃ ထောင်နီးပါးထိ ရည်ညွှန်းစျေးထုတ်ပြန်ထားတာဖြစ်ပါတယ်။

Facebook Comments Box

Leave a Reply

Your email address will not be published.