ပြည်မြို့ဘူတာအထိ ပြန်လည်ပြေးဆွဲနေတဲ့ ရန်ကုန်-ပုဂံ အမြန်ရထားထွက်ချိန် စျေးနှုန်းများ

ပြည်မြို့ဘူတာအထိ ပြန်လည်ပြေးဆွဲနေတဲ့ ရန်ကုန်-ပုဂံ အမြန်ရထားထွက်ချိန် စျေးနှုန်းများ

ကိုဗစ်ကာလနောက်ပိုင်း ရန်ကုန်-ပုဂံရထားကို ပြေးဆွဲမှုရပ်နားထားရာကနေ အခုလက်ရှိမှာတော့ ပြည်ဘူတာအထိ ပြန်လည်ပြေးဆွဲပေးနေပြီလို့ သိရပါတယ်။

အမှတ်(၆၁)အဆန်/(၆၂)အစုန် ရန်ကုန်-ပုဂံအမြန်ရထားကို ယခုအခါ ပြည်ဘူတာအထိ ပြန်လည်ပြေးဆွဲနေပြီဖြစ်တယ်လို့ မြန်မာ့မီးရထားကဆိုပါတယ်။

ရန်ကုန်-ပုဂံရထားဟာ ပြည်ဘူတာအထိအရောက်ပြေးဆွဲမှာဖြစ်တာကြောင့် ယခင်ကရန်ကုန်ဘူတာကြီးကနေ ပြည်ဘူတာအထိပြေးဆွဲနေတဲ့ အမှတ် ၆၃ အဆန်စာပို့ရထားကိုသြဂုတ်၂၀ရက်ကစပြီး ပြည်ဘူတာကနေ ကြည်မြင်တိုင်ဘူတာအထိသာ ပြောင်းလဲပြေးဆွဲသွားမှာဖြစ်ကြောင်း မြန်မာ့မီးရထားကကြေညာထားပါတယ်။

အဆိုပါ ရန်ကုန်-ပုဂံရထားဟာ နေ့စဉ် ည(၉)နာရီမှာရန်ကုန်ဘူတာကြီးကနေထွက်ခွာမှာဖြစ်ပြီး ပြည် ဘူတာကနေ မနက်(၇)နာရီခွဲအချိန်ထွက်ခွာမှာဖြစ်တယ်လို့သိရပါတယ်။

လက်မှတ်ခနှုန်းထားတွေကတော့ အထက်တန်း ကျပ် ၆၄၅၀၊ ရိုးရိုးတန်း ကျပ် ၃၂၅၀ သတ်မှတ်ထားခြင်းဖြစ်ကာလက်ရှိမှာတော့ ရန်ကုန်-ပြည်လမ်းပိုင်းမှာ အစုန်/အဆန် ရထား ၆ စင်းပြေးဆွဲနေတာဖြစ်တယ်လို့သိရပါတယ်။

Facebook Comments Box

Leave a Reply

Your email address will not be published.