ဆီဆိုင်များအရောင်းရပ်ထားခြင်း၊ ကန့်သတ်ရောင်းချခြင်းများရှိပါကတိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များ

ဆီဆိုင်များအရောင်းရပ်ထားခြင်း၊ ကန့်သတ်ရောင်းချခြင်းများရှိပါကတိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များ

ဆီဆိုင်များအရောင်းရပ်ထားခြင်း၊ ကန့်သတ်ရောင်းချခြင်းများရှိပါကတိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များကို ထုတ်ပြန်လိုက်ပါတယ်။

စက်သုံးဆီကို သြဂုတ်လကုန်ပိုင်းအထိ လုံလောက်စွာ တင်သွင်းဖြန့်ဖြူးထားပြီးဖြစ်တဲ့အတွက် ဆီဆိုင်များအရောင်းရပ်ထားခြင်း၊ ကန့်သတ်ရောင်းချခြင်းများရှိပါကတိုင်ကြားနိုင်တယ်လို့ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်ရေးကော်မတီက ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ကော်မတီအနေဖြင့် စက်သုံးဆီစျေးနှုန်းမှန်ကန်ရေးနှင့် ဆီပြတ်လပ်မှုမရှိရေးအတွက် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း

အချို့ဆီဆိုင်များမှာ အကျိုးစီးပွားမျှော်လင့်ပြီး ဆီပြတ်လပ်သည် လက်ကျန်နည်းပါးသည်ဟုဆိုကာ ရောင်းချမှုမရှိခြင်း အကန့်အသတ်ဖြင့်ရောင်းချခြင်းများရှိနေသည်ဟု ကော်မတီကထုတ်ပြန်ချက်အရ သိရှိရပါတယ်။

တိုင်းဒေသကြီးအလိုက် တိုင်ကြားနိုင်တဲ့ ဖုန်းနံပါတ်တွေကတော့

ရန်ကုန်တိုင်းဒေသကြီး
095150130, 01829124

နေပြည်တော်
095240363, 067322036

မန္တလေးတိုင်းဒေသကြီး
095143244, 024039209

မကွေးတိုင်းဒေသကြီး
095340548, 0632026860

ပဲခူးတိုင်းဒေသကြီး
095148505, 0522221989

ဧရာဝတီတိုင်းဒေသကြီး
09976482563, 04221239

ရေနံထွက်ပစ္စည်း ကြီးကြပ်ရေးဦးစီးဌာန
067411129, 09440433533, 09699611116

စစ်ကိုင်းတိုင်းဒေသကြီး
09252004447, 0712021083

ကချင်ပြည်နယ်
095408427, 0742522734

မွန်ပြည်နယ်
09255724395, 0572024416

ကရင်ပြည်နယ်
095053584, 05821045

ရှမ်းပြည်နယ် (မြောက်ပိုင်း)
092002244, 0822203016

ရှမ်းပြည်နယ် (အရှေ့ပိုင်း)
09953344921, 0812021314

ဆီဆိုင်များအရောင်းရပ်ထားခြင်း၊ ကန့်သတ်ရောင်းချခြင်းများရှိပါက အထက်ပါဖုန်းနံပါတ်များသို့ တိုင်းကြားနိုင်တယ်လို့ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

Facebook Comments Box

Leave a Reply

Your email address will not be published.