စားအုန်းဆီ လက်ကား ရည်ညွှန်းဈေး တိုးမြှင့်၊ ပြင်ပစျေးကွက်စျေးနှင့် ကွာဟနေဆဲဖြစ်

စားအုန်းဆီ လက်ကား ရည်ညွှန်းဈေး တိုးမြှင့်၊ ပြင်ပစျေးကွက်စျေးနှင့် ကွာဟနေဆဲဖြစ်

စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးကို တစ်ပိဿာ ၃၅၂၅ ကျပ်မှ တစ်ပိဿာ ၄၁၄၀ ကျပ်ထိ တိုးမြှင့်လိုက်တယ်လို့ သိရပါတယ်။

အဆိုပါ ရည်ညွှန်းစျေးအားဩဂုတ်လ ၁၅ ရက်နေ့ ယနေ့မှ ၂၁ ရက်နေ့အထိ စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို တစ်ပိဿာ (၄၁၄၀) ကျပ်ဖြစ်တယ်လို့ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကသတ်မှတ်‌ကြေညာလိုက်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်မှာထုတ်ပြန်ခဲ့တဲ့ လက်ကားရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာ ၃၅၂၅ ကျပ် ဖြစ်တဲ့အတွက်ကြောင့် တစ်ပတ်အတွင်း ၆၁၅ ကျပ် တိုးမြှင့်လိုက်တာဖြစ်ပါတယ်။

ဈေးကွက်အတွင်းမှာရောင်းဝယ်ဖောက်ကားရမယ့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းတွေကို အပတ်စဉ်ကြေညာပေးနေပေမယ့်လည်း တကယ်တမ်းလက်လီဈေးကွက်အတွင်းမှာတော့ ဈေးနှုန်းမြင့်တင်ရောင်းချမှုတွေရှိနေပါတယ်။

ဩဂုတ် ၁၅ ရက်နေ့မှာ ရန်ကုန်လက်လီဈေးကွက်အတွင်းရောင်းချနေတဲ့စားအုန်းဆီဈေးနှုန်းတွေဟာ တစ်ပိဿာ ၈၈၀၀ ကျပ်ကနေ ၉၀၀၀ ကျပ်မှာရှိနေတယ်လို့သိရပါတယ်။

Facebook Comments Box

Leave a Reply

Your email address will not be published.