စက်သုံးဆီပြတ်လပ်တယ်ဆိုတာ ကောလာဟလသာဖြစ်ပြီး အကန့်အသတ်နဲ့ဈေးတင်ရောင်းတဲ့သူတွေကို အရေးယူမယ်ဆိုပြီး ထုတ်ပြန်

စက်သုံးဆီပြတ်လပ်တယ်ဆိုတာ ကောလာဟလသာဖြစ်ပြီး အကန့်အသတ်နဲ့ဈေးတင်ရောင်းတဲ့သူတွေကို အရေးယူမယ်ဆိုပြီး ထုတ်ပြန်

ရန်ကုန်မှာ စက်သုံးဆီတွေ ပြတ်လပ်တယ်ဆိုတာဟာကောလဟာလသာဖြစ်ပြီး ဆီကိုအကန့်အသတ်နဲ့ ဈေးတင်ရောင်းနေတဲ့ဆိုင်တွေကိုအရေးယူဖို့အတွက်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကစက်သုံးဆီကြီးကြပ်ရေးကော်မတီထံအကြောင်းကြားတစ်စောင်ကိုသြဂုတ် ၁၃ရက်နေ့စွဲနဲ့ ပေးပို့ထားတယ်လို့ သိရပါတယ်။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်မှုကော်မတီမှတစ်ဆင့် ပြည်သူများစက်သုံးဆီဈေးနှုန်း မှန်ကန်စွာသုံးစွဲနိုင်ရေးနဲ့ စက်သုံးဆီ ပြတ်လပ်မှုမရှိစေရေးအတွက်ဖြည့်တင်းမှုများကို ကြပ်မတ်ကြိုးပမ်း ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။

သို့ပေမယ့် အချို့စက်သုံးဆီအရောင်းဆိုင်တွေကစက်သုံးဆီဈေးနှုန်းပြောင်းလဲမှုရှိလာနိုင်မယ်လို့ ယူဆပြီး မိမိအကျိုးစီးပွားကိုမျှော်ကိုးကာ စက်သုံးဆီ ပြတ်လပ်သည် သို့မဟုတ်လက်ကျန်နည်းပါးသည်ဟု ပြောဆိုကာ ရောင်းချမှုရပ်တန့်ထားခြင်းနဲ့ အကန့်အသတ်ဖြင့်ဆောင်ရွက်နေခြင်းကို သိရှိရတယ်လို့ဆိုပါတယ်။

ရန်ကုန်စက်သုံးဆီစျေးကွက်အတွင်း ပြီးခဲ့တဲ့ တနင်္ဂနွေက 92 တစ်လီတာ ၁၆၁၅ ကျပ်သာ ရှိခဲ့ပေမယ့် ယနေ့ဈေးကွက်ဖွင့်ချိန်မှာတော့ ၂၃၂၀ ကျပ်အထိရောက်ရှိလာခဲ့ပြီး တစ်ပတ်အတွင်း တစ်လီတာကျပ် ၇၀၀ ခန့် မြင့်တက်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းစက်သုံးဆီဈေးကွက်မှာ 92 Ron တစ်လီတာကျပ် ၇၀၀ ခန့်မြင့်တက်သွားပြီ းစက်သုံးဆီအမျိုးအစားအချို့ပြတ်လပ်မှုဖြစ်ပေါ်ခဲ့ကာ ရှမ်း၊ မွန်၊ကချင်ပြည်နယ်တို့ကမြို့ကြီးအချို့အပြင်အခြားသောမြို့အချို့လည်းတွေ့ကြုံရခဲ့ပါတယ်။

စက်သုံးဆီအရောင်းဆိုင်တွေအနေနဲ့ တင်သွင်းဝယ်ယူတဲ့ဆီပမာဏရဲ့ ၄၀ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်ချက် တစ်ဒေါ်လာ ၂၁၀၃ ကျပ်နဲ့တွက်ချက်ပြီး ကျန် ၆၀ရာခိုင်နှုန်းကိုပြင်ပပေါက်ဈေးအတိုင်း ဝယ်ယူရတာကြောင့် ဈေးနှုန်းတွေမြင့်တက်လာတာလို့ စက်သုံးဆီလုပ်ငန်းရှင်အသိုင်းအဝိုင်းက ပြောဆိုကြပါတယ်။

တင်သွင်းဝယ်ယူခွင့်လိုင်စင်နဲ့ငွေချေခွင့်ပြုထားပြီး စက်သုံးဆီတန်ချိန် ၈၇,၀၀၀ ကျော်သယ်ဆောင်လာမယ့်သင်္ဘော ၅ စီး ဝင်ရောက်လာတာကြောင့်ဈေးကွက်အတွင်းဆီပြတ်လပ်မှုမရှိနိုင်ဘူးလို့ သိရှိရပါတယ်။

Facebook Comments Box

Leave a Reply

Your email address will not be published.