ငွေစက္ကူအတု လက်ဝယ်ကိုင်ထားမိရင် ဘာဖြစ်လာနိုင်သလဲ၊ ဘာဆက်လုပ်သင့်လဲဆိုတာ

ငွေစက္ကူအတု လက်ဝယ်ကိုင်ထားမိရင် ဘာဖြစ်လာနိုင်သလဲ၊ ဘာဆက်လုပ်သင့်လဲဆိုတာ

ငွေစက္ကူအတု လက်ဝယ်ကိုင်ထားမိရင် ဘာဖြစ်လာနိုင်သလဲ၊ ငွေအတုအစစ်ဘယ်လိုခွဲရမလဲ၊ အတုမှန်းသံသယရှိရင်ဘယ်လိုလုပ်မလဲဆိုတာနှင့်ပတ်သက်ပြီး ဗဟုသုတအဖြစ်ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ငွေစက္ကူအတုတွေကိုလက်ဝယ်ကိုင်ဆောင်သုံးစွဲမိပါက မည်သူမဆိုဖမ်းဆီးစစ်ဆေးခံရနိုင်တာကြောင့်သာမန်ပြည်သူတွေအနေနဲ့အတုအစစ်ခွဲခြားနိုင်တဲ့အခြေခံအချက်တချို့ကိုသိထားဖို့လိုအပ်တယ်လို့ ဥပဒေပညာရှင်အချို့နဲ့ အကြီးတန်းဘဏ်အရာရှိတချို့ကအကြံပြုပြောဆိုကြပါတယ်။

၂၀၁၂ ခုနှစ်မှာစတင်ထုတ်ဝေသုံးစွဲခဲ့တဲ့ ကျပ်တစ်သောင်းတန်ငွေစက္ကူတွေဟာ မြန်မာ့ငွေကြေးထဲမှာ တန်ဖိုး အမြင့်ဆုံးဖြစ်ပါတယ်။တစ်သောင်းကျပ်တန်ငွေစက္ကူအတုတွေဟာအခုနောက်ပိုင်းမှာပိုမိုအဆင့်မြင့်လာတာကြောင့်လည်းပုဂ္ဂလိကဘဏ်တွေမှာတော့ငွေအတုအစစ်ခွဲတဲ့စက်တွေကိုအဓိကထားပြီး ခွဲခြားလာရတယ်လို့လည်းသိရပါတယ်။

ငွေအတုနဲ့ပတ်သက်ပြီး ၂၀၁၃ ခုနှစ်ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၁၀၁ မှာ ဗဟိုဘဏ်ကထုတ်တဲ့ငွေစက္ကူ၊ ဒင်္ဂါးပြားတွေကိုအတုမှန်းသိလျက်နဲ့သုံးစွဲခြင်းမပြုဖို့နဲ့

ပုဒ်မ ၁၀၂ မှာတော့ အတုပြုလုပ်ခြင်းအတုကိုပြည်ပကနေသွင်းယူခြင်းပြည်ပကိုတင်ပို့ခြင်းမပြုလုပ်ရလို့ တားမြစ်ထားပါတယ်။

အဲဒီမှာပုဒ်မ ၁၀၁ ကိုဖောက်ဖျက်ရင် အဲဒီလူကို ငွေဒဏ်၊ ၃ နှစ်ထက်မပိုတဲ့ထောင်ဒဏ် ဒါမှမဟုတ် ဒဏ် ၂ ရပ်လုံးလည်းချမှတ်နိုင်တယ်။

ပုဒ်မ ၁၀၂ ကိုဖောက်ဖျက်ရင်တော့အနည်းဆုံးထောင်ဒဏ် ၁၀ နှစ်ကနေအများဆုံးထောင်ဒဏ်အနှစ် ၂၀ အထိ ချမှတ်နိုင်တယ်လို့ ဗဟိုဘဏ်ဥပဒေမှာပြဋ္ဌာန်းထားပါတယ်။

ဗဟိုဘဏ်ရဲ့ပြဋ္ဌာန်းထားတဲ့ဥပဒေအရငွေအတုကို မသိဘဲနဲ့လည်းလက်ဝယ်ကိုင်ဆောင်မိတာ၊သုံးစွဲမိတာမျိုးရှိခဲ့ရင်လည်းဖမ်းဆီးအရေးယူခံရနိုင်ခြေရှိတယ်လို့တရားလွှတ်တော် ရှေ့နေတစ်ဦးကပြောဆိုတားပါတယ်။

ကိုယ်ကမသိကြောင်း၊ ဒါကို အတုမှန်းသိလျက်နဲ့သုံးစွဲတာမဟုတ်ဘူး၊ လက်ဝယ်ထားတာမဟုတ်ဘူးဆိုတာ ထုချေဖို့ကစွပ်စွဲခံရသူ တရားခံဘက်ကတာဝန်ကျသွားတယ်၊ ဒါမျိုးအဖမ်းခံရနိုင်တဲ့အတွက် ကိုယ်တိုင်ကငွေအတုအစစ်နဲ့ပတ်သက်ပြီးဗဟုသုတရှိဖို့လိုပါတယ်၊

မသိဘဲနဲ့လက်ဝယ်ထားမိရင်မိမိမှာတာဝန်ရှိလာပါမယ်၊ဒါပေမယ့်တာဝန်ရှိတဲ့အပေါ်မှာလွတ်လပ်စွာချေပထုချေပိုင်ခွင့်ရှိပါတယ်လို့ ရှေ့နေတစ်ဦးပြောပြချက်အရ သိရပါတယ်။

အတုမှန်းသံသယရှိရင်ဘယ်လိုလုပ်မလဲ

ငွေအတုအစစ်ခွဲတဲ့စက်ကတော့ ဘဏ်တွေနဲ့လုပ်ငန်းကြီးတွေမှာပဲအများအားဖြင့်ရှိပြီး၊သာမန်ပြည်သူတွေမှာတော့ အဲဒီလိုစက်မရှိနိုင်တဲ့ အတွက် အတု၊ အစစ် ခွဲခြားဖို့ကသုံးစွဲသူတွေအတွက်အခက်အခဲနိုင်ပါတယ်။

CB ဘဏ်အရာရှိတစ်ဦးက” ဘဏ်တွေမှာတော့ငွေအတုအစစ်ခွဲတဲ့စက်တွေရှိတော့ဘဏ်ကိုလာအပ်တဲ့ငွေတွေထဲမှာ အတုတွေပါလာရင်တော့ ဘဏ်ကပဲသိမ်းထားလိုက်တာများတယ်၊ ၁ ရွက် ၂ ရွက်ဆိုရင်တော့ ရဲကိုအကြောင်းကြားမနေတော့ဘူး။ ဒါကတော့ဗဟိုဘဏ်ညွှန်ကြားထားတဲ့အတိုင်းတော့မဟုတ်ဘူးပေါ့။ ကိုယ့်ရဲ့ဖောက်သည်တွေ အလုပ်မရှုပ်အောင်လုပ်လိုက်တာပေါ့၊ အတုကများရင်တော့လည်း ရဲကိုဖုန်းဆက်အကြောင်းကြားရတာပေါ့” လို့ဆိုပါတယ်။

သာမန်ပြည်သူတစ်ဦးအနေနဲ့ကိုယ့်မှာကိုင်ဆောင်ထားတဲ့ငွေစက္ကူကိုအတုလို့သံသယရှိတယ်ဆိုရင် ကိုယ်တိုင်မီးရှို့ဖျက်ဆီးတာမျိုးလုပ်ပါကလည်းအစစ်ဖြစ်နေရင်ငွေစက္ကူဖျက်ဆီးမှုနဲ့အရေးယူခံရနိုင်တဲ့ အတွက်ဖျက်ဆီးဖို့လည်းမဖြစ်နိုင်ဘူးလို့တရားလွှတ်တော်ရှေ့နေတစ်ဦးက ဆိုပါတယ်။

ကျပ် တစ်သောင်းတန်ကို အတုအစစ် ဘယ်လိုခွဲမလဲ

တစ်သောင်းတန်ကိုအတုအစစ်ခွဲဖို့ဗဟိုဘဏ်ကထုတ်ထားတဲ့အချက်တွေကများတယ်။သာမန်လူတွေ အနေနဲ့ တစ်သောင်းတန်ကိုအတုအစစ်ခွဲဖို့ဆိုရင်ဘေးတန်းမှာကြာပန်းလိုမျိုးအရှည်ပြားလေးပါတယ်၊ ကိုင်ကြည့်လိုက်တာနဲ့ကြမ်းနေရင်အစစ်၊ ချောနေရင်အတုပဲ၊ကျန်တာတွေစစ်ဖို့ကကြာတယ်”လို့ CB ဘဏ် အကြံပေးအရာရှိတစ်ဦးက ကျပ် တစ်သောင်းတန်ကိုအလွယ်ကူဆုံးခွဲခြားနိုင်မယ့်အချက်ကို ပြောပြ ပါတယ်။

ဒါတွေအပြင်ရေစာ၊ဖောင်းကြွပုံနှိပ်၊လုံခြုံရေးကြိုး စတာတွကိုသာမန်မျက်စိနဲ့စစ်ဆေးတာမျိုး၊ငွေစက္ကူနံပါတ်အမှတ်စဉ်တွေတူနေတာ ရှိ၊ မရှိစစ်ကြည့်တာမျိုးနဲ့ အလင်းရောင်မှာတစ်သောင်းတန်ငွေစက္ကူကို ထောင်ကြည့်ရန်ကြာဖူးပုံ ပေါ်၊ မပေါ် စတဲ့အချက်တွေကို စစ်ဆေးကြည့်ဖို့ကျွမ်းကျင်သူတွေက အကြံပြုထားတာဖြစ်ပါတယ်။

ဒီလောက်ဆို ငွေစက္ကူအတုနဲ့ပတ်သက်ပြီး လုပ်ဆောင်သင့်တဲ့ ဗဟုသုတအနေနဲ့ သိရှိသွားမယ်လို့ ထင်ပါတယ်။

မူရင်း ခရစ်ဒစ်

Facebook Comments Box

Leave a Reply

Your email address will not be published.