ဂါလံ ၁၃ သိန်း ဆီချနေတယ်ဆိုပေမယ့် တစ်လီတာ ၂၄၀၀ ကျပ်ဝန်းကျင်ထိမြင့်တက်နေ

ဂါလံ ၁၃ သိန်း ဆီချနေတယ်ဆိုပေမယ့် တစ်လီတာ ၂၄၀၀ ကျပ်ဝန်းကျင်ထိမြင့်တက်နေ

သြဂုတ်လ ၁၅ ရက်နေ့က သီလဝါဆိပ်ကမ်းမှာစက်သုံးဆီ ဂါလံ ၁၃ သိန်းလောက် ဆီချနေပြီဖြစ်သလို ရုရှားကတင်သွင်းထားတဲ့စက်သုံးဆီတွေဟာ လာမယ့်စက်တင်ဘာလမှာမှ ပထမအသုတ်အဖြစ်ရောက်ရှိလာမှာဖြစ်တယ်သိရပါတယ်။

ဒါပေမယ့် သြဂုတ် ၁၉ ရက် ယနေ့အတွက် စက်သုံးဆီဈေးနှုန်းထုတ်ပြန်ရာမှာ ရန်ကုန်တိုင်းအတွင်းမှာတင်စက်သုံးဆီဈေးနှုန်းဟာ ၉၂ တစ်လီတာကို ၂၃၅၀ ကျော်ဈေးနှုန်းဖြင့်ထုတ်ပြန်ထားပါတယ်။

အဆိုပါထုတ်ပြန်ချက်အရ ၉၂ တစ်လီတာကိုမန္တလေးမှာ ၂၄၀၀ ကျပ်၊နေပြည်တော်မှာ ၂၃၉၅ ကျပ်တို့ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးဝေးကွာတဲ့ဒေသတွေမှာတော့ ၃၀၀၀ ကျပ်နီးပါးအထိဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။

ယခုလို စက်သုံးဆီစျေးမြင့်တက်နေမှုကြောင့် အငှားယာဥ်များ၊ ခရီးသည်ယာဥ်လိုင်းများနှင့် ကုန်တင်ယာဥ်လိုင်းတွေမှာ အခက်တွေ့နေကြပြီး တချို့အဝေးပြေးယာဥ်လိုင်းတွေမှာ ရပ်တန့်သွားတာအထိ တွေ့နေရပါတယ်။

သြဂုတ်လ ၁၉ ရက်နေ့အတွက် ထုတ်ပြန်ထားသော စက်သုံးဆီရည်ညွှန်းစျေးနှုန်းများ

Facebook Comments Box

Leave a Reply

Your email address will not be published.