ကားဆီတိုင်ကီထဲမှ ဆီပြန်ထုတ်နည်း

ကားဆီတိုင်ကီထဲမှ ဆီပြန်ထုတ်နည်း

ဓာတ်ဆီနဲ့ဒီဇယ်မှားထည့်မိတာဖြစ်ဖြစ်၊ မိမိကားဆီတိုင်ကီထဲကဆီပြန်ထုတ်လို့ရမလား? ဘယ်လိုနည်းလမ်းတွေရှိသလဲ?

ကားမျိုးစုံ၊ဆီတိုင်ကီဒီဇိုင်းမျိုးစုံ ရှိတဲ့အတွက်ပုံသေတော့ပြောလို့မရပါဘူး။

ပထမနည်းကတော့လူတိုင်းသိကြတဲ့ ဆီတိုင်ကီဆီထည့်တဲ့အပေါက်ထဲပိုက်လုံးထိုးထည့်ပြီး ပါးစပ်နဲ့စုပ်ထုတ်ခြင်းပါ။အခြေခံတဲ့သီအိုရီကတော့ ဆိုက်ဖွန်(Siphon)ဖြစ်ပါတယ်။တကယ်တော့ ဒီနည်းဟာမလုပ်သင့်တဲ့ နည်းပဲဖြစ်ပါတယ်။

အဓိကအားဖြင့် ဓာတ်ဆီဟာအငွေ့ပျံပါတယ်။အဲ့ ဆီငွေ့တွေဟာပါးစပ်နဲ့စုပ်လိုက်တဲ့အခါလည်ချောင်းထဲသေချာပေါက်ရောက်မှာပါ။ဓာတ်ဆီဟာ Hydrocarbon ကွန်ပေါင်းဖြစ်တဲ့အတွက်အန္တရာယ်လို့ပြောနိုင်ပါတယ်။စားသောက်လို့မရတဲ့ အရည်ဖြစ်လို့ ဒီနည်းကိုမသုံးသင့်ပါဘူး။

ပါးစပ်နဲ့စုပ်တာထက်စာရင် မှုတ်တာကမိမိပါးစပ်ထဲရောက်ဖို့ပိုခက်ပါတယ်။

အဲ့တော့ဆီတိုင်ကီဆီထည့်တဲ့အပေါက်ထဲကိုပိုက်လုံး ၂ချောင်းပူးထည့်ပါ။တစ်ချောင်းကိုဆီတိုင်ကီအခြေထိထိုးထည့်ပြီးနောက်တစ်ချောင်းကိုဆီမျက်နှာပြင်ပေါ်ကလေထဲမှာပဲထားပါ။

ပြီးရင်ဆီထည့်အပေါက်ကိုလေလုံအောင်အဝတ်နဲ့ပိတ်ဆို့ထားပါ။အဝတ်စို (Wet Cloth) ဆိုရင်ပိုကောင်းပါတယ်။ပြီးရင်ပိုက်တစ်ချောင်းကိုဆီပုံးထဲထည့်ပြီးကျန်တစ်ချောင်းကနေပါးစပ်နဲ့မှုတ်ပါ။

ဆီတိုင်ကီထဲကဆီမျက်နှာပြင်ပေါ်မှာ ဖိအားတက်လာပြီး ဆီအောက်ချထားတဲ့ပိုက်မှဆီများထွက်လာပါမယ်။

နောက်တစ်နည်းကတော့ ၂ လက်မ အဝီစိရေတွင်းအထဲကို Compressor နဲ့မှုတ်ပြီး ရေမောင်းသလိုဖြစ်ပါမယ်။ပိုက်လုံးအကြီးထဲကိုပိုက်လုံးအသေးထိုးထည့်ပြီး အဲ့ ပိုက်၂လုံးထပ်ကိုဆီတိုင်ကီထဲချပါ။ပိုက်လုံး အသေးကနေပြီး Air Pump တစ်ခုခု(ကားလေထိုးစက်ကဲ့သို့)နဲ့ လေမောင်းထည့်ပါ။

ပိုက်အကြီးကနေဆီများထွက်လာပါမယ်။ထိုနည်းအတိုင်း အသင့်သုံးဆီထုတ်ကိရိယာများလည်း ရှိတတ်ပါတယ်။

နောက်တစ်နည်းအနေနဲ့ ကားအင်ဂျင်ခန်းထဲက Fuel Injector လိုင်းကိုဝင်တဲ့ဆီပိုက်ကိုဖြုတ်ရလွယ်တဲ့ ကားတွေမှာသုံးနိုင်ပါမယ်။Fuel Pump Relay ကို Jumperဝါယာခွပြီး ကားသော့ဖွင့်ကာဖြုတ်ထားတဲ့ဆီပိုက်ကနေပိုက်ဆွဲပီးဆီထုတ်ယူနိုင်ပါတယ်။နောက်ပိုင်းကားတွေမှာတော့ပိုက်ဆက်မှာရှိတဲ့ Lock တွေကို မဖြုတ်တတ်ရင်မလုပ်သင့်ပါဘူး။

ဆီတိုင်ကီထဲကနေဆီနည်းနည်းပဲထုတ်ချင်ရင်တော့ ယနေ့ခေတ်အသုံးများတဲ့ လက်သန့်ဆေးဖြန်းခေါင်းကို ဖြုတ်ပြီးပိုက်အရှည်ဆက်ကာဆီတိုင်ကီထဲထည့်၍ ညှစ်ထုတ်နိုင်ပါတယ်။ သကြန်မှာကလေးတွေကစားတဲ့ရေပြွတ်နဲ့လဲ ဆီထုတ်နိုင်ပါတယ်။

ဒီနေရာမှာ တဆက်တည်းရေးချင်တာကတော့အသုံးများတဲ့ Honda Fitတွေဖြစ်တဲ့(GD1, GE6, GK3,…) စသည်ဖြင့်ကားတွေမှာဆီထည့်တဲ့ အပေါက်ကတော့ပုံမှန်ကားအနောက်မှာရှိပေမယ့်ဆီတိုင်ကီဟာကားရှေ့ထိုင်ခုံအောက်မှာရှိပါတယ်။

ကားများရဲ့တိုက်ခိုက်မိမှုရာခိုင်နှုန်းအနေနဲ့အနောက်မှတိုက်ခံရခြင်းဟာ ၈၀ % ကျော်ရှိလို့ဆီတိုင်ကီမထိခိုက်အောင်ရှေ့မှာထားတယ်လို့ Honda ကဆိုပါတယ်။

ဒါ့အပြင်နောက်ထိုင်ခုံ အောက်မှာနေရာပိုကျယ်စေပြီး ခုံခေါက်လိုက်ရင်လည်းFlat အနေအထားရစေပါတယ်။ဒါပေမယ့်ဆီထုတ်မယ်ဆိုရင်တော့ Fit ကားများမှာ ဆီပေါက်နဲ့ဆီတိုင်ကီဝေးနေတဲ့အတွက် ပို၍ခက်ခဲနိုင်မည်ဖြစ်ပါကြောင်းဖြင့်။ ။

zayar LinHtet(EEM)

Facebook Comments Box

Leave a Reply

Your email address will not be published.