ကင်းလွတ်ခွင့်ရသူများအတွက် နိုင်ငံခြားငွေသုံးစွဲရာတွင် ဗဟိုဘဏ်က ၁၀၀ ရာခိုင်နှုန်းဖြေလျော့

ကင်းလွတ်ခွင့်ရသူများအတွက် နိုင်ငံခြားငွေသုံးစွဲရာတွင် ဗဟိုဘဏ်က ၁၀၀ ရာခိုင်နှုန်းဖြေလျော့

နိုင်ငံခြားသုံးငွေကန့်သတ်ချက်ကနေ ကင်းလွတ်ခွင့်ရသူများ နိုင်ငံခြားငွေကို ဘဏ်မဟုတ်တဲ့ အခြားသူများထံ ၁၀၀ ရာခိုင်နှုန်း ရောင်းချခွင့်ပြုလိုက်ပြီလို့ ဗဟိုဘဏ်က ထုတ်ပြန်လိုက်ပါတယ်။

ထုတ်ပြန်ချက်အရ ကန့်သတ်ချက်ကနေကင်းလွတ်ခွင့်ရထားတဲ့ ကုမ္ပဏီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေရဲ့ နိုင်ငံခြားငွေကို မိမိကိုယ်တိုင်အတွက်သုံးနိုင်သလို

AD လိုင်စင်ရဘဏ်မဟုတ်တဲ့အခြားသူတွေကိုရောင်းချတာ၊ ဘဏ်တွေကိုရောင်းချတာတွေ ဆောင်ရွက်ပေးဖို့ဘဏ်တွေကို ဗဟိုဘဏ်က ညွှန်ကြားထားတယ်လို့သိရပါတယ်။

ဗဟိုဘဏ်က နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေ၊ အထူးစီးပွားရေးဇုန်တွေ၊ နိုင်ငံခြားဘဏ်တွေနဲ့ အထူးစီးပွားရေးဇုန် ကော်မတီကုမ္ပဏီတွေကို ကန့်သတ်ချက်ကကင်းလွတ်ခွင့်ပြုထားတာတွေ့ရပါတယ်။

ကင်းလွတ်ခွင့်ရသူတွေဆီက နိုင်ငံခြားငွေဝယ်ယူထားသူတွေကိုတော့ဝယ်ထားတဲ့နိုင်ငံခြားငွေကို ကိုယ်တိုင်သုံးစွဲတာနဲ့ဘဏ်တွေဆီ ပြန်ရောင်းချတာကို ဝယ်ယူတဲ့နေ့ကနေရက်ပေါင်း ၃၀ အတွင်း ဆောင်ရွက်ပေးရမယ်လို့ထုတ်ပြန်ထားပါတယ်။

ကင်းလွတ်ခွင့်ရသူတွေက နိုင်ငံခြားငွေကိုယ်တိုင်သုံးစွဲရာမှာ နိုင်ငံဖြတ်ကျော်ဆောင်ရွက်တာနဲ့ကင်းလွတ်ခွင့်ရသူတွေဆီကဝယ်ယူထားသူတွေနိုင်ငံဖြတ်ကျော်ဆေင်ရွက်တာကိုလည်း နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီခွင့်ပြုချက်မလိုဘဲဆောင်ရွက်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

Facebook Comments Box

Leave a Reply

Your email address will not be published.